ကျွန်တော့် ဘလော့လေး ကိုလာလည်တဲ့ မိတ်ဆွေ အားလုံးကို ကြိုဆိုပါတယ်ဗျာ ....

Friday, July 2, 2010

Windows XP ကို genuine ဖြစ်အောင် လုပ်ခြင်း

Windows XP သုံးတဲ့သူများ ကြုံဖူးကြပါလိမ့်မယ်။ Windows Media 11 သွင်းမရတာတို့၊ Internet Explorer 7 ထည့်မရတာတို့၊ Windows Update လုပ်မရတာတို့ကြုံဖူးကြပါလိမ့်မယ်။ အဆိုးဆုံးကတော့ Desktop ညာဖက်အောက်ထောင့်မှာ Genuine မဖြစ်ဘူးဆိုပြီး ပုံပေါ်ပေါ်လာတာပါပဲ။ ခု WMP 11 ကော IE 7 ကော Windows Update ကော သုံးလို့ရအောင် ဆော့ဖ်ဝဲလ်တွေ မသုံးပဲ လွယ်လွယ်ကူကူ လုပ်ကြည့်ရအောင်။

အဆင့် (၁)

ပထမ Run ကိုခေါ်ပါမယ်။ (Start=>Run or Windows key+R)

ဒုတိယ ပေါ်လာတဲ့ Registry မှာ အောက်က အတိုင်း တဆင့်ခြင်း သွားပါ့မယ်။

HKEY_LOCAL_MACHINE =>SOFTWARE=>-Microsoft=>Windows NT=>Current version=>WPAEvents

ထိသွားပါ။ WPAEvents ကိုရောက်ရင် ညာဖက် အခြမ်းမှာ ကြည့်လိုက်ပါ။ OOBETimer ကို တွေ့ပါလိမ့်မယ်။

၂ ချက်နှိပ်လိုက်ပါ။ အောက်ကလို Binary Value တွေကို ပြင်ဖို့ ထွက်လာပါလိမ့်မယ်။ အကုန်လုံးကို Select ပေးပြီး ဖျက်ပစ်လိုက်ပါ။ 0000 သာ ကျန်ပါလိမ့်မယ်။ Ok ပေးပြီးရင် Regedit ကို ပိတ်လိုက်လို့ ရပါပြီ။

ဒုတိယအဆင့် (၂)

Run ကိုခေါ်ပါမယ့်။ Run မှာ အောက်ပါ စာသားကို ရေးထည့်ပါ့မယ်။ (ကူးထည့်လိုက်ပါ)။ ပြီးရင် Ok/

%systemroot%\system32\oobe\msoobe.exe /a

အောက်ကလို ပုံထွက်လာပါလိမ့်မယ်။

Yes,I want to telephone a customer service representative to activate Windows ကိုရွေးပြီး Next ပေးလိုက်ပါတယ်။ နောက်တမျက်နှာပေါ်လာပြီး A-B-C စသည်ဖြင့် အကွက်တွေ ပါပါလိမ့်မယ်။ ဘာမှမထည့်ပါနဲ့၊ အောက်နားက Change Product Key ကိုနှိပ်လိုက်ပါ။ Product Key ထည့်ဖို့ အောက်ကလို Box လေး ကျလာပါလိမ့်မယ်။

New Key မှာ အောက်ပါ Key များကို ဖြည့်ပေးလိုက်ပါ။

thmpv-77d6f-94376-8hgkg-vrdrq

ပြီးရင် Update ကိုနှိပ်လိုက်ပါ။ Update ကိုနှိပ်ပြီးရင် ပထမ ရောက်ခဲ့တဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ Remind Me later ကိုသာ နှိပ်ပေးလိုက်ပါ။ ပိတ်သွားပါလိမ့်မယ်။ စက်ကို Restart ဆင်းပေးလိုက်ပါ။

စက်ပြန်တက်လာတဲ့အချိန် Run မှာ အောက်ကစာကို ရိုက်ထည့် (ကူးထည့်)ပေးပြီး Ok နှိပ်လိုက်ပါ။ (အပေါ်မှာလည်း ထည့်ခဲ့ဖူးပါတယ်)

%systemroot%\system32\oobe\msoobe.exe /a

Windows is already Activated, Click Ok to exit. ဆိုပြီး ပြပါလိမ့်မယ်။ ဒါဆို အိုကေသွားပါပြီ။

မိတ်ဆွေတို့ Windows ကို Update လုပ်သုံးလို့ရပါပြီ။

0 comments:

Post a Comment