ကျွန်တော့် ဘလော့လေး ကိုလာလည်တဲ့ မိတ်ဆွေ အားလုံးကို ကြိုဆိုပါတယ်ဗျာ ....

Saturday, August 21, 2010

install လုပ်ထားတဲ့ program တွေကို သူများ ဖြတ်လို့မရအောင်လုပ်မယ်

တစ်ခါတစ်လေ မိတ်ဆွေ တင်ထားတဲ့ Program တွေကို တစ်ခြားတစ်ယောက်က မသိလို့ ဖြုတ်ပစ်လိုက်တာမျိုးတွေ ကြုံတတ်ပါတယ်။ အဲ့ဒီလိုမဖြစ်အောင် ကြိုတင်ကာကွယ်ထားလိုက်ရအောင်....
အရင်ဆုံး Run ကိုခေါ်လိုက်ပါ gpedit.msc ကိုရိုက်ပါ၊
ပြီးရင် User configuration ထဲက Administrative Template ထဲက Control Panel---
Add or Remove Programs ကိုသွားပါ၊ ပြီးရင် ညာဘက်မှာ Remove Add or Remove Programs
ဆိုတာကို တွေ့ပါလိမ့်မယ် Right Click--Properties ကိုဝင်ပြီး Enable ပေးလိုက်ပါ။
ဒါဆိုရင် Contorl Panel ဖွင့်လိုက်တဲ့ အခါ Add or Removes Programs ကိုဖွင့်လို့မရတော့ပါဘူး။ ကျွန်တော် window xp မှာစမ်းပြီးပြီရတယ်ဗျ windows 7 နဲ့ vista မှာတော့ သိဘူး..

0 comments:

Post a Comment