ကျွန်တော့် ဘလော့လေး ကိုလာလည်တဲ့ မိတ်ဆွေ အားလုံးကို ကြိုဆိုပါတယ်ဗျာ ....

Wednesday, November 10, 2010

Facebook တွင် Chat History ကိုပြန်လည်ကြည့်ရှုနိုင်မည့် Chat History Manager

                                                      Facebook မှာ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ Chat ထားတဲ့ History ကို ပြန်ကြည့်ဖို့ Facebook Privacy အရ တရားဝင်မဖြစ်နိုင်ပါဘူး။ ယခုဖေါ်ပြမယ့် Chat History Manager ကတော့ Facebook Chat History များကို Save လုပ်ထားနိုင်ပြီး Account တစ်ခုလုပ်ခါ၊ Password နှင့် သိမ်းဆည်း ထားနိုင်ပါတယ်။ Facebook Chat History Manager ကို FireFox နှင့် Google Chrome Browser များမှာ တွဲဖက်အသုံးပြုနိုင်ပါတယ်။ အသုံးများတဲ့ FireFox Browser နှင့် အသုံးပြုပုံကို ဖေါ်ပြပေးသွားပါမယ်။
                                                    အရင်ဆုံး Facebook Chat History Manager ကို FireFox Add-on Page မှာ Add to FireFox ကို Click နှိပ်ခါ သွားရောက် Download လုပ်ရပါမယ်။ ပြီးလျှင် FireFox Browser ကို ပိတ်ပြီး၊ ပြန်ဖွင့် (Restart) ပေးရပါမယ်။ ပြီးလျှင် FireFox Menu Bar ရှိ Tools Menu ကိုသွားပါ။ ထို့နောက် Tools Menu ၏အောက်ဆုံးရှိ Facebook Chat History Manager >> Get Facebook ID ကိုသွားပါ။ ပြီးလျှင် Facebook Login Window ကျလာလျှင် သင်၏ Facebook ID ကိုရယူရန်  Facebook Account နှင့် Login လုပ်ပေးလိုက်ပါ။ ပြီးလျှင် Your Facebook ID is 12345678901234 ဟူ၍ပေါ်ကျလာလျှင် နောက်ဆုံးမှ Facebook ID နံပါတ်များကို အောက်ပါပုံတွင် ပြထားသည့်အတိုင်း Copy ကူးပါ။ Facebook ID ကို Original Facebook Site တွင်သွား၍ Login လုပ်ပြီး၊ Profile Tab ကို နှိပ်ခါ၊ Address Bar မှလည်းရယူနိုင်ပါတယ်။ (http://www.facebook.com/#!/profile.php?id=123456789012345 မှာ နောက်ဆုံး စာလုံး အပြာရောင်နဲ့ ဖေါ်ပြပေးထားသည့် ဂဏန်းများဟာ သင့် Facebook ရဲ့ ID ဖြစ်ပါတယ်။) ၎င်း ID Number များကို Copy ကူးပါ။
                                                    ထို့နောက် ဆက်လက်၍ FireFox Menu Bar မှ Tools >> Facebook Chat History Manager >> Create Account ကိုသွားပါ။ ပြီးလျှင် အထက်ပါပုံတွင် ပြထားသည့်အတိုင်း  Facebook ID(*) ဟူသော နေရာတွင် Copy ကူးလာသည့် Facebook ID ကိုထည့်ပါ။ Login name (optional) နေရာတွင် သင်၏ ကိုယ်ပိုင်နာမည် ထည့်နိုင်သလို၊ Facebook Account နာမည် (သို့မဟုတ်) Email ကိုလည်းထည့် နိုင်ပါတယ်။ ထို့နောက် Password များကို သတ်မှတ်ပေးပါ။ ပြီးလျှင် Set as default user ကို Tick ပေး၍ Create Button ကို နှိပ်ပေးပါ။
                                                    ထို့နောက် Tools >> Facebook Chat History Manager >> View History ကိုသွားပါ။ User Name နှင့် Password နေရာတွင် အထက်တွင် ပြုလုပ်ခဲ့သည့် Login Name နှင့် Password ကိုထည့်ပေးပြီး၊ OK ကို နှိပ်လိုက်လျှင် အောက်ပါပုံတွင် ပြထားသည့် အတိုင်း  Facebook သူငယ်ချင်းများနဲ့ Chat ထားတဲ့ History ကို ရက်စွဲနှင့် တကွ  ပြန်လည် တွေ့မြင်ရမှာဖြစ်ပါတယ်။
                                                    တစ်ကြိမ် Facebook Chat History ကိုကြည့်တိုင်း တစ်ခါ Password ထည့်ပေးရသည့်အတွက် စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ Facebook Chat History ကိုလွယ်ကူစွာ Access လုပ်နိုင်ရန် အတွက် အောက်တွင် ပေးထားသည့် Facebook History Link ကို Drag ဆွဲ၍ Bookmark Menu Bar မှာ တင်ပေးထားလိုက်ပါ။ Tools >> Facebook Chat History Manager >> View History ကနေသွား၍ ကြည့်သော်လည်း Facebook Chat History များကို မတွေ့ပါက အောက်တွင် ပေးထားသော Facebook History ကို ထပ်မံ Click နှိပ်၍ ကြည့်ပါ။ အောက်တွင် ပေးထားသော Link ကို Drag ဆွဲ၍ Bookmark လုပ်ထားပြီး အသုံးပြုပါ။
Drag This Link and drop onto your bookmark bar>>>>>    Facebook History
                                                   တစ်ကြိမ် Login လုပ်ပေးထားလျှင် နောက်အကြိမ်များတွင် အထက်ပါ Bookmark ကိုအသုံးပြု၍ တိုက်ရိုက် ကြည့်နိုင်ပါတယ်။ Facebook Chat History Manager ကို Google Chrome နှင့်ပါ တွဲဖက်အသုံးပြုနိုင်ပြီး၊ ယခင် ဤ Facebook Chat History Manager ကို Install မလုပ်ခင်က History များကို ပြန်လည် ကြည့်ရှုနိုင်မည် မဟုတ်ပါ။

http://stamedia.blogspot.com/ မှကူးယူဖော်ပြပါသည်။
Nuffnang Ads

0 comments:

Post a Comment