ကျွန်တော့် ဘလော့လေး ကိုလာလည်တဲ့ မိတ်ဆွေ အားလုံးကို ကြိုဆိုပါတယ်ဗျာ ....

Monday, May 31, 2010

လမင်းကြီးသိပါတယ်

လမင်းကြီးသိပါတယ်

ချစ်သူ မင်းကို အရမ်းလွမ်းတယ်

ရေခြားမြေခြားမှာ မင်း နဲ့ ငါ

ဝေးကွားနေလည်း

မင်းအပေါ် သံယောဇဉ် မပျက်ခဲ့ပါဘူး

လွမ်းရတဲ့ အကြောင်းတွေ

ချစ်ရတဲ့ အကြောင်းတွေ

ညညဆိုလမင်းကြီးကို မော့ကြည့်ပြီ

ပြောနေမိတယ်

လမင်းကြီးက ပြောတယ်

မင်းသူ့ကိုလွမ်းတိုင်းသာ

ကြယ်တစ်လုံး ကြွေကျပေးရမယ်ဆိုရင်

ကောင်းကင်မှာ ကြယ်တွေရှိမှာ မဟုတ်တော့ဘူးတဲ့

0 comments:

Post a Comment