မသိတတ်၊မလိမ္မာ
ကျွန်တော့်ရဲ့ မိုက်မဲမှူတွေကြောင့်
သာယာအေးချမ်းလှတဲ့
မြို့လေးကို စွန့်ခွာ
အားလုံးကိုကျောခိုင်း
ဘဝကိုထူထောင်မယ်လို့ စိတ်ကူးရင်း
ရေခြားမြေခြား နိုင်ငံခြားကိုရောက်လာခဲ့တယ်
စူးရှလှတဲ့ မီးရောင်စုံအောက်မှာ
အစားအသောက်ကောင်းတွေ စားနေပေမဲ့
ကျွန်တော့်စိတ်ထဲမှာ
တောင်တန်းတွေပတ်လည်ဝိုင်း
မီးဖိုဘေးမှာ ထမင်းဝိုင်ဖွဲ့
အမေ့ရဲ့ ထမင်းနဲ့ ဟင်းကို
ကျွန်တော်တမ်းတနေမိတယ်။
ကျွန်တော့်ရဲ့ နေရပ်ဖြစ်တဲ့ မိုးကုတ်မြို့လေးကို ဒီကဗျာလေးနဲ့ လွမ်းခွင့်ပြုပါ...။
1 comments:
ညီက မိုးကုတ်သားကို ကြပ်ပြင်များ အဒေါ်ဝမ်းကွဲတွေရှိတယ်။ ဈေးထဲမှာ အထည်ဆိုင်ဖွင့်တယ်။ အကိုငယ်ငယ်က ကြပ်ပြင်လာလည်တော့ မနက်စောစော အိမ်အမိုး ရေဒယောက်မှာ နှင်းရေတွေရွှဲလို့ ပတ္တမြားလို အနီရောင် ကျောက်ဖြုံးလေးတွေ တင်နေတာတွေရတယ်။ အံသြလိုက်ဖြစ်ခြင်း။ ဘယ်သူတွေလာတင်သွားတာလဲ မေးယူရတယ်။
Post a Comment