လေတွေဘယ်လောက်ပဲထန်ထန်
တိမ်းမည်းတွေပြိုဆင်းမလာ၇င်
”မိုး”ဆိုတာမဖြစ်လာနိုင်ဘူး..............၊
ငါအပေါ်မှာနင်၇ဲ.အချစ်တွေသာ
စစ်မှန်တယ်ဆို၇င်
ဖောက်ပြန်မှုဆိုတာမဖြစ်လာနိုင်ဘူး............၊
မပြတ်မသားေ၀၀ါးတဲ.စိတ်နဲ.
ဘာကြောင်.များ
ငါဆီကိုနင်လာခဲ.တာလဲ..
”ကို.ကိုချစ်တယ်ပြောပြီး” နောက်ကွယ်မှာ
လုပ်ချင်တာလုပ်နေတာ
ငါမသိဘူးများမှတ်လား.........
နင်.ကိုချစ်တဲ. ငါအချစ်တွေကို
နှလုံးသားထဲက
ထုတ်မ၇သေးတဲ.စိတ်တစ်ခုကြောင်.
ငါခံစား၇ခက်နေတာ........
ငါ၇င်ထဲမှာ
ပြောပြလို.မ၇တဲ.ဒဏ်၇ာတွေနဲ.ပြည်.နေတယ်..
မင်းအကြောင်းပဲ
အချိန်တိုင်းစဉ်းစားနေမိတယ်
ငါဖုန်းခေါ်ခိုင်းလည်းလူကြီးမင်းနဲ.တိုးနေတယ်
မင်းကိုမေးတော.သူငယ်ချင်းလေးပါ
အေးပါနင်လျောချင်သလိုသာလျောလိုက်ပါ
ငါကမင်းကိုချစ်နေတဲ.ငနဲတစ်ကောင်ဆိုတော.ကာ..
ဆက်လက်ဖတ်ရှုရန်..... >>
တကယ်တော့ သား က ကဗျာ သမားတစ်ယောက်မဟုတ်ပါဘူး.. ဒါပေမဲ့ သစ်ရွက်လှုပ်တာမြင်တိုင်း ရင်ခုန်တတ်တဲ့ အရွယ်မှာ သား ကဗျာ တွေစရေးတတ်ပါပြီ အဲ့ဒါ ပထမဆုံး အကြိမ်ပေါ့၊ အခုမိဘရဲ့ မေတ္တာတရားကို နားလည်တဲ့ အချိန်မှာ ဒုတိယမြောက် ကဗျာ ရေးဖြစ်တာပါ....
တောင်တန်းတွေ ကာရံပြီး ချမ်းအေးလှတဲ့ မိုးကုတ်မြို့ကို လွမ်းသလို မေတ္တာတရားတွေ
ကာရံပြီး နွေးထွေးလှတဲ့ မိဘရင်ခွင်ကို လွမ်းတယ်...
ကြိုတင်မခန့်မှန်းနိုင်သော အနာဂါတ်ကို တွက်ကိန်းချပြီး စိတ်ကူးယဉ်နေသလို သားချစ်တဲ့ ညီမလေးတွေရဲ့ အနာဂါတ်ကို စိတ်ကူးပုံဖော်နေမိတယ်......
မန်နေဂျာက သူ့ဝန်ထမ်းတစ်ယောက်ကို ဆူတာအော်တာကို တွေ့ရင် တစ်ချိန်က ဂရုဏာဒေါသနဲ့ ဆူခဲ့အော်ခဲ့တဲ့ ဖေဖေ့ ကိုလည်းမြင်ယောင်မိတယ် ဖေဖေရယ်....
ကြိုတင်မသိနိုင်တဲ့ သားရဲ့ အနာဂါတ်အတွက် ဖေဖေနဲ့မေမေ ရင်မောနေမှာပဲနော်......
သားကို သူများတွေနဲ့တန်းတူ တက္ကသိုလ် ထားပေးနိုင်ခဲ့ပေမဲ့ ပထမနှစ်ကို နှစ်ခါကျအောင်ဖြေခဲ့တဲ့ သားမိုက်ကို အပြုံးမပျက်အားပေးနှစ်သိမ့်ခဲ့တဲ့ စကားသံတွေကို အခုချိန်မှာပြန်လည်ကြားယောင်မိရင် သားတဆစ်ဆစ် နဲ့ နာကျင်ခံစားရပါတယ်.....
သားရဲ့ အကြီးမားဆုံး ရည်ရွယ်ချက် နှစ်ခုရှိတယ်သိလား..
ပထမတစ်ခုက မိဘကျေဇူးဆပ်နိုင်တဲ့ သားလိမ္မာလေး တစ်ယောက်ဖြစ်ချင်တယ်..
ဒုတိယတစ်ခုက ဘွဲ့တစ်ခုရအောင်ယူမယ် ...
ဒီလောက်ပါပဲ ဘာမှကြီးကြီးမားမား မျှော်လင့်ထားတာမရှိပါဘူး..
ဆက်လက်ဖတ်ရှုရန်..... >>
၁။အမုန်းက 'တကယ်တော့ အချစ်ဆိုတာ အလကားကောင်'တဲ့
အချစ်က 'တကယ်တော့ အမုန်းဆိုတာ ငါနဲ့ကျောချင်းကပ် သူငယ်ချင်းပါဟာ"တဲ့
အလွမ်းက "အချစ်နဲ့အမုန်းမရှိရင် ငါလည်းရှိမှာ မဟုတ်ပါဘူးကွာ"တဲ့
အနမ်းက "အချစ်ရှိရှိမရှိရှိ ငါကို တစ်ခါတစ်လေ သုံးကြတာဆိုးတယ်ကွာ"တဲ့
၂။အတိတ်က'ငါ့ကိုပြန်လှည့်ကြည့်မနေနဲ့ ဘယ်တော့မှ ပြန်မလာဘူး'တဲ့
ပစ္စပ္ပုန်က "ငါကလွဲပြီး ဘယ်သူမှမကြည့်နဲ့ ကြားလား"တဲ့
အနာဂတ်က "ငါဘယ်လိုဖြစ်မယ်ဆိုတာ မသိဘူးမို့လား"တဲ့
၃။အချိန်က" မင်းရပ်ချင်ရပ်နေ ငါမရပ်ဘူး"တဲ့
အသက်က " ငါလည်းကြီးပဲကြီးတတ်တာ ပြန်မငယ်တတ်တဲ့ကောင်"တဲ့
၎။စိတ်က "ငါု့ကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး ငါ့ကိုငါပဲ ထိန်းချုပ်နိုင်တာပါ"တဲ့
ကိုယ်က "ငါ့ကို တွယ်တာမနေနဲ့ တနေ့နေ့စွန့်ခွာသွားမှာပါ 'တဲ့
၅။အလှက"ရုပ်ဆိုးတယ် အကျဉ်းတန်တယ်ဆိုတာလည်း ငါရဲ့ဘော်ဒါတွေပါ"တဲ့
၆။အမဲ့က "ငါလည်းဒီလိုနေချင်လို့ နေတာမဟုတ်ဘူး''တဲ့
အပြုံးက "ငါလည်းစိတ်မပါပဲ အကြာကြီးနေရင် ညောင်းတာပေါ့ကွာ" တဲ့
ခပ်တည်တည်က" ဒီလိုနေရတာကြာတော့လည်း ခံစားမှုမဲ့တယ် အထင်ခံမှာပေါ့"တဲ့
ကျွန်တော့်အပိုင်းအစများ(၂)
၁။အပိန်က"ငါဝါးခြမ်းပြားနဲ့ အမျိုးတော်နေလားမသိဘူး"တဲ့
အ၀က"ငါ့ကို ၀က်လို့အထင်ခံရမှာ အကြောက်ဆုံးပဲ"တဲ့
၂။အပုက"လမ်းလျှောက်ရင် ထုတ်တန်းတွေ သစ်ကိုးတွေ ရှောင်စရာမလိုဘူးကွ"တဲ့
အရှည်က"အမြင့်ကို ဖမ်းဆွဲဖို့ လွယ်ကူတာပေါ့ကွ"တဲ့
၃။အကြောင်းက"ငါ့နောက်မှ အကျိုးရှိတယ်"တဲ့
အကျိုးက"အကြောင်းရှိမှတော့ ငါလည်းပုန်းနေလို့မရဘူး"တဲ့
၎။အပြစ်က "ငါရှိနေလို့ လူတွေလိမ်မာဖို့ကြိုးစားနေကြတာ"တဲ့
၅။အဖြစ်က"ငါရှိရင် အပျက်လည်းရှိတယ်"တဲ့
အပျက်က”အဖြစ်မရှိရင် ငါလည်းမရှိဘူး”တဲ့
၆။မျက်စေ့က”ငါမြင်တာကို စွဲနေတဲ့စိတ်က တရားခံ”တဲ့
နားက”ငါကြားတာကို စွဲနေတဲ့စိတ်က အရူး”တဲ့
နှာခေါင်းက””ငါနံတာကို စွဲနေတဲ့စိတ်က အပေါ”တဲ့
လျှာက”ငါအရသာခံစားတာကို စွဲနေတဲ့စိတ်က ငကြောင်”တဲ့
ကိုယ်က””ငါထိသမျှကို စွဲနေတဲ့စိတ်က အူကြောင်ကြား”တဲ့
၇။သဘာဝက”ငါ့ဖာသာ ငါနေတာကို ပြုပြင်ဖို့ကြိုးစားနေတာ တော်တော်မိုက်မဲတာပဲ”တဲ့
လောကက”လူတွေက သူဖာသာသူရှုပ်တာကို ငါ့နာမည် အလွဲသုံးစားလုပ်ချင်တယ်”တဲ့
၈။အာကာသက”ငါဘယ်လောက်ကျယ်တဲ့ဆိုတာ မှန်းဆဖို့မလွယ်ပါဘူး”တဲ့
စကြာဝဠာက”ငါ့မှာ အဆုံးလည်းမရှိ အစလည်းမရှိ ရှာမနေနဲ့”တဲ့
ကျွန်တော်နဲ့အပိုင်းအစများ(၃)
၁။မျဉ်းပြိုင်နှစ်ကြောင်းက"ငါတို့ဆုံတဲ့နေ့ဟာ ကမ္ဘာလဆန်းတစ်ရက်နေ့ သတ်မှတ်မယ်"တဲ့
၂။ကြက်ခြေခတ်က"ငါ့ကို လူတွေသတ်မှတ်လို့ လုပ်ရတာပါ"တဲ့
အမှန်ခြစ်က" ငါ့ကိုမြင်တိုင်း မှန်တယ်မထင်နဲ့ ကိုယ့်ဖာသာလည်း စဉ်းစားဦး"တဲ့
၃။မျဉ်းဖြောင့်က"ဒီအတိုင်းလေးနေရတာ သက်သာလို့ပါ"တဲ့
မျဉ်းကွေးက "ငါမပါရင် ပန်းချီရေးလို့မရမှာစိုးမိတယ်"တဲ့
၎။တောင်က "ငါရှိတော့လူတွေအမြင့်ကို ပိုနီးတာပေါ့"တဲ့
ချိုင့်ဝှမ်းက "အောက်ဆင်းနေချင်တဲ့လူတွေ အတွက် ငါရှိတော့ အဆင်ပြေတာပေါ့"တဲ့
၅။ပင်လယ်က"ကျယ်ကျယ်ဝန်းဝန်းနေချင် ငါ့ဆီလာလည်"တဲ့
မြစ်က"ပင်လယ်က သူဆီပဲလာခဲ့ဆိုလို့ သွားရတာ"တဲ့
ချောင်းက "ငါမသွားရင် မြစ်မှာ ရေမရှိမှာစိုးလို့"တဲ့
အင်းအိုင်က"ကိုယ့်ဖာသာ သီးသန့်နေပါရစေ"တဲ့
၆။နွေက"ဥသြတွန်သံကြားရင် ငါလာပြီ"တဲ့
မိုးက" အနောက်တောင်မုတ်သုန်လေနဲ့အတူ လူကြုံလိုက်ခဲ့မယ်"တဲ့
ဆောင်းက"နှင်းက ငါရဲ့အချစ်လက်တွဲဖော်"တဲ့
၇။သံသယက "လူမရှိရင် ငါလည်းမရှိဘူး"တဲ့
ယုံကြည်မှုက "ငါကိုလည်း သေချာစမ်းစစ်ပြီးမှ ယုံပါ"တဲ့
ကျွန်တော်နဲ့ အပိုင်းအစများ(၄)
၁။လူက လူကောင်းလူတော်ကို "ပညာရဲရင့် ပွဲလယ်တင့်"တဲ့
ကြောင် ကြောင်ကောင်းကြောင်တော်ကို "ကြောင်ရဲရင့် ငါးကြော်နဲ့သင့်" တဲ့
ခွေးက ခွေးကောင်းခွေးတော်ကို "ခွေးရဲရင့် အမဲရိုးနဲ့အသင့် "တဲ့
၂။လူက ပညာမတတ် စာမဖတ်တတ်သူကို "ခွေးအကြီးလှည်းနင်းသလို"တဲ့
ခွေးက ခွေးမသိမတတ်ကို "လူအကြီး ကားနင်းထားသလို"တဲ့
၃။လူက မဟုတ်မဟတ်လုပ်သူကို "ခွေးဇာတ်ခင်း"တဲ့
ခွေးက စည်းမစောင့်တဲ့ခွေးကို "လူဇာတ်ခင်း" တဲ့
၎။လူက အမြှောင်ထားသူကို "မျောက်မ,ထား" တဲ့
မျောက်က အမြှောင်ထားသူကို "လူမ,ထား" တဲ့
၅။လူက မိန်းမကို နှိမ်ရင် "ကြက်မ,တွန်လို့ မိုးမလင်း"တဲ့
ကြက်က ကြက်မကို နှိမ်ရင် ''လူမအော်လို့ လူမလေး ''တဲ့
၆။လူက ကောက်ကျစ်သူကို "၀ံပုလွေ"တဲ့
ဝံပုလွေက ကောက်ကျစ်တဲ့အကောင်ကို "လူ" တဲ့
၇။လူက လူအကို" နွား"
နွားက နွားထူကို" လူ"
၈။လူက အရမ်းဆော့တဲ့သူကို "မျောက်" တဲ့
မျောက်က အရမ်းဆော့တဲ့အကောင်ကို "လူ"တဲ့
၉။လူကို လူက "မျောက်ကဆင်းသက်လာတာ" တဲ့
မျောက်ကို မျောက်က "လူကဆင်းသက်လာတာ" တဲ့
ကျွန်တော်နဲ့အပိုင်းအစများ(၅)
၁။သစ္စာက''ငါရှိနေရင် အလွဲသုံးစားမှုတွေ မလာရဲပါဘူး"တဲ့
မေတ္တာက "ငါရှိနေရင် ငြိမ်းချမ်းခြင်းအပြည့်ရကိုရရမယ်"တဲ့
၂။ဘ၀က" "ဘ"ရယ်"၀"ရယ်ရှိရင် ငါလည်းရှိမယ်"တဲ့
၃။မျက်ခုံးက"မျက်လုံးအပေါ်ဘက်မှ ငါမရှိရင် လူတွေ တော်တော်အကြည့်ရဆိုးမယ်"တဲ့
ဆံပင်က" ငါမရှိလည်း နေလို့ရပါတယ်ကွာ" တဲ့
၎။ဦးထုပ်က "လူရဲ့မျက်နှာလူရဲ့မျက်နှာတစ်ခုလုံး ငါကာအကွယ်မပေးနိုင်ပါဘူးကွာ" တဲ့
ထီးက "ငါရှိလို့ အရိပ်ရပေမယ့် တကိုယ်လုံးတော့ မကာကွယ်နိုင်ပါဘူး" တဲ့
မိုးကာက "မိုးခါရောက်မှ ငါကိုသတိရတာပါ နွေဆိုငါအငြိမ်းစားယူတယ်"တဲ့
အနွေးထည်က "ဆောင်းရောက်ရင် ငါ့ကိုအတင်းဝတ်ကြပြီး ပူပြီဆို ငါ့ကို
အဖက်မလုပ်ကြဘူး" တဲ့
စောင်က "ချမ်းအေးပြီဆို ငါ့ကိုခြုံကြပြီး အိုက်ပြီဆို ငါ့ကို မမှတ်မိတော့ဘူး" တဲ့
၅။အပူက "လူတွေက မခံနိုင်တာ ငါဖာသာငါနေတာ" တဲ့
အအေးက " အပူနဲ့ငါက အတူတူပဲ ခံစားမှုပေါ်မူတည်တာပါ" တဲ့
၆။အလင်းက "အမှောင်ရှိတဲ့နေရာမှ ငါမနေဘူး" တဲ့
အမှောင်က "အလင်းရှိရင် ငါမလာဘူး"တဲ့
၁။လူက မတည်ငြိမ်စိတ်ရှိသူကို "မျောက်စိတ်"
မျောက်က မတည်ငြိမ်စိတ်ရှိတဲ့မျောက်ကို “လူစိတ်”
၂။လူက ဘာမှန်းမသိလုပ်သူကို “ခွေးလေးခုန်လို့ ဖုန်မထ” တဲ့
ခွေးက ဘာမှန်းမသိလုပ်တဲ့ခွေးကို “လူလေးခုန်လို့ အမြင့်မရောက် “တဲ့
၃။လူက အချင်းချင်းရက်စက်သူကို “တိရိစ္တာန်လိုကောင် “တဲ့
တိရိစ္တာန်က အချင်းချင်းရက်စက်တဲ့ကောင်ကို “လူလိုကောင် “တဲ့
၎။လူက ချစ်သူချင်းချစ်တာကို “ ဟင်္သာမောင်နှံ တောင်ပံယှက် " တဲ့
ဟင်္သာက ချစ်သူချင်းချစ်တာကို “ လူမောင်နှံ လည်ပင်းဖက် " တဲ့
၅။လူက လူလိမ္မာ ဒုက္ခရောက်ရင် “သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာ “တဲ့
ရွှေဟင်္သာက “ဒုက္ခရောက်ရင် မြို့ပြင်လွှတ်တဲ့ သူဋ္ဌေးသား” တဲ့
၆။လူက မတန်မရာမှန်းရင်” အမဲရိုးနဲ့ ဟင်းအိုးမှ အားမနာ”တဲ့
ခွေးက မတန်မရာမှန်းရင် “လူရိုးနဲ့ အပျိုလေးမှ အားမနာ”တဲ့
၇။လူက လူအချင်းချင်းသတ်ရင် “အမဲဖျက်” တဲ့
နွားက နွားအချင်းချင်သတ်ရင် “လူသတ်ကောင်” တဲ့
၈။လူက ချစ်သူဆီသွားချင်တာကို “ အတောင်ပံပါရင် မင်းဆီကို" တဲ့
ငှက်က ချစ်သူဆီသွားချင်တာကို “ပါရာဒိုပါရင် မင်းဆီကို “တဲ့
(မှတ်ချက်...တစ်ဆင့်ကူးယူဖော်ပြချင်းဖြစ်ပါသည်...)
ဆက်လက်ဖတ်ရှုရန်..... >>

လွမ်းတယ်ကွယ်၊
ဟိုးကောင်းကင်ထက်
လင်းလက်လက်ကြယ် တိမ်ဆိုင်တွေကြား
ခရီးသွားရင်း ဒေသသစ်ရှာ
နင်လဲရင်ခွင်သစ်ရှာနေပြီလား။
သတိရတယ်ကွယ်
ဥသြငှက်ရဲ့ ရင်ကွဲသံစဉ်ကြား
နင်ထားရစ်ခဲ့ အလွမ်းများ
ပြန်ရလေမလားအတွေးနဲ့
တမ်းတမ်းတတ မျှော်နေမိပါရဲ့။
နှောင်ကြိုးတွေနဲ့
ချည်ထုံးခံလိုက်ရတဲ့ ငါ့အသဲ၊
သံယောဇဉ်ထားလဲ မမြဲခဲ့ပါဘူး
မျက်ရည်ကကြိုးနဲ့ အသဲကွဲသံစဉ်
အဖော်မဲ့လွင်ပြင် မှာ
တိုးတိတ်ရွက်ဆို
ငါငိုငါရစေ
နင်နားလည်ပေးမယ်ဆို
ငါငိုချင်တယ်ကွာ။ ။ ။
ဆက်လက်ဖတ်ရှုရန်..... >>

မသိတတ်၊မလိမ္မာ
ကျွန်တော့်ရဲ့ မိုက်မဲမှူတွေကြောင့်
သာယာအေးချမ်းလှတဲ့
မြို့လေးကို စွန့်ခွာ
အားလုံးကိုကျောခိုင်း
ဘဝကိုထူထောင်မယ်လို့ စိတ်ကူးရင်း
ရေခြားမြေခြား နိုင်ငံခြားကိုရောက်လာခဲ့တယ်
စူးရှလှတဲ့ မီးရောင်စုံအောက်မှာ
အစားအသောက်ကောင်းတွေ စားနေပေမဲ့
ကျွန်တော့်စိတ်ထဲမှာ
တောင်တန်းတွေပတ်လည်ဝိုင်း
မီးဖိုဘေးမှာ ထမင်းဝိုင်ဖွဲ့
အမေ့ရဲ့ ထမင်းနဲ့ ဟင်းကို
ကျွန်တော်တမ်းတနေမိတယ်။
ကျွန်တော့်ရဲ့ နေရပ်ဖြစ်တဲ့ မိုးကုတ်မြို့လေးကို ဒီကဗျာလေးနဲ့ လွမ်းခွင့်ပြုပါ...။
ဆက်လက်ဖတ်ရှုရန်..... >>

ကဲ ဒီနေ့တော့ ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတဲ့ စာလေးတစ်စောင် တင်ပေးလိုက်ပါတယ်။
ရေခြား မြေခြားမှာ နေထိုင်နေတဲ့ သူများ ကိုယ့်ချစ်သူကို စာပို့မယ် ဆိုရင် ဒီလိုလေးရေးပြီး ပို့ပေး
တာပိုကောင်းမယ်ထင်ပါတယ်။
ဆက်လက်ဖတ်ရှုရန်..... >>

'မ' ကိုချစ်တဲ့ မောင်လေးတွေအတွက်ပေါ့။ ကျွန်တော့်အတွက်တော့ 'မ' ဆိုရင် ခြေမ နဲ့ လက်မ ပဲရှိတယ် ဟီးးးး..
ဆက်လက်ဖတ်ရှုရန်..... >>
လမင်းကြီးသိပါတယ်
ချစ်သူ မင်းကို အရမ်းလွမ်းတယ်
ရေခြားမြေခြားမှာ မင်း နဲ့ ငါ
ဝေးကွားနေလည်း
မင်းအပေါ် သံယောဇဉ် မပျက်ခဲ့ပါဘူး
လွမ်းရတဲ့ အကြောင်းတွေ
ချစ်ရတဲ့ အကြောင်းတွေ
ညညဆိုလမင်းကြီးကို မော့ကြည့်ပြီ
ပြောနေမိတယ်
လမင်းကြီးက ပြောတယ်
“မင်းသူ့ကိုလွမ်းတိုင်းသာ
ကြယ်တစ်လုံး ကြွေကျပေးရမယ်ဆိုရင်
ကောင်းကင်မှာ ကြယ်တွေရှိမှာ မဟုတ်တော့ဘူးတဲ့
ဆက်လက်ဖတ်ရှုရန်..... >>
` မ ´
ဘယ်သူ့အတွက် ပွင့်ခဲ့တဲ့ ပန်းလေးလည်းကွယ်...
`မ´ရယ် မောင်ပြောတာ မလုံလောက်သေးလို့လား
`မ´အတွေးမှာ မယုံလောက်သေးလို့လား...
ပန်းလိုလှတဲ့ `မ´ကို မောင့်ရာသီအမှီ ပွင့်စေချင်ကြောင်း
ဆုတောင်းမိတာ အပြစ်ဆိုရင်
ချစ်မိတဲ့ မောင့်အပြစ်က တစ်ဝက်
သိပ်လှတဲ့ `မ´အပြစ်က တစ်ဝက်ပေါ့...
`မ´နှုတ်ခမ်းလေးတွေ အရောင်ဆိုးတိုင်း၊
`မ´ဆံနွယ်တွေ လေပြည်မှာ လွင့်မျောတိုင်း၊
`မ´ရင်မှာ မောင့်အကြောင်းတွေ တွေး၊
`မ´တစ်ယောက်ကြည်းနူးပြုံးလေးတွေ ပြုံးနေစေချင်တယ်...
`မ´တစ်ယောက် ကိုယ့်လမ်းကို လျှောက်ဖို့ လမ်းကူဖောက်ပေးရုံ သက်သက်ပါ၊
`မ´က ခရီးသည်ဆိုရင် လမ်းပြကြယ်လေး ဖြစ်ချင်လို့ပါ၊
`မ´အမောပြေရာ ချွေးသုတ်တဘက်လေးပဲ ဖြစ်ဖြစ်၊
အိုအေစစ်လေးပဲ ဖြစ်ဖြစ်၊
`မ´ဘ၀ရဲ့ နေရာတိုင်းမှာ အဖြည့်ခံတစ်ယောက်ပဲ ဖြစ်ဖြစ်၊
`မ´အနားမှာ ထာဝရနေထိုင်ခွင့်ပြုပါတော့ `မ´ရယ်...
ဆက်လက်ဖတ်ရှုရန်..... >>