ကျွန်တော့် ဘလော့လေး ကိုလာလည်တဲ့ မိတ်ဆွေ အားလုံးကို ကြိုဆိုပါတယ်ဗျာ ....
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, June 1, 2012

မလေးရှားရောက် ရွှေမြန်မာများအတွက် မလေးရှားအွန်လိုင်း ရေဒီယို ၂၄ နာရီ အသံလွင့် အစီအစဉ် စတင်ပြီ



မလေးရှားရောက် ရွှေမြန်မာများအတွက် ရည်ရွှယ်၍ မလေးရှား အွန်လိုင်းရေဒီယို အသံလွင့် အစီအစဉ်များကို ဇွန်လ ၁.၆.၂၀၁၂ သောကြာနေ့မှစတင် အသံလွင့်ပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မလေးရှားရောက် ရွှေမြန်မာများအတွက် မလေးရှားနိုင်ငံအတွင်း အချိန်နှင့်တပြေးညီ မီဒီယာ လုပ်ငန်းများအတွက် ရည်ရွယ်၍ ဖျော်ဖြေမှု အစီအစဉ်များကို နေ့စဉ် ၂၄ နာရီ အွန်လိုင်းရေဒီယို အစီအစဉ်များကို ထုပ်လွင့်ပေးမှာဖြစ်ပြီး ရေဒီယို အစီအစဉ်များတွင် သီချင်းများ အဓိက ဖျော်ဖြေပေးသွားမှာ ဖြစ်ကာ နေ့စဉ် ညပိုင်း အချိန်များတွင် တရားတော်များ ၊ ထုပ်လွင့်ပေးခြင်း အခါကြီးရက်ကြီးနေ့များတွင် အထူး အစီအစဉ်များဖြင့် တင်ဆက်ပေးခြင်း ၊ သတင်းများ ကြေငြာပေးခြင်း ...........

မလေးရှားနိုင်ငံအတွင်း အထူးအသိပေး လမ်းညွန်ချက်များ မလေးရှားနိုင်ငံအတွင်း မလေးရှား လမ်းညွန်များကို အင်တာနက် စာမျက်နှာပေါ်တွင် နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပြီး အထူးအစဉ်အနေဖြင့် ဖုန်းမှတဆင့် သီချင်းတောင်းခြင်း ၊ အွန်လိုင်း သီချင်းတောင်းခြင်းများဖြင့် တင်ဆက်ပေးသွားမှာဖြစ်ကာ မလေးရှားရောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်လေးမှာ မိမိတို့ရဲ့ စီးပွားရေး လုပ်ငန်းများကို ကြေငြာနိုင်ပါကြောင်း သိရှိရပါသည်။

http://api.ning.com/files/A9hKQkjG2K67frrqAvmHD9qPsVFm3901nPW5swuxxcPa7t*SUXqhP107lIEOZJLzHuynqanyRdpNoCFq0rfPjnChNqYhttp://www.blogger.com/img/blank.gifhQ5oi/nayzaw22.gif

မလေးရှားရောက် ရွှေမြန်မာများအတွက် ရည်ရွှယ်၍ မလေးရှား အွန်လိုင်းရေဒီယို ၂၄ နာရီ အသံလွင့် အစီအစဉ်များကို အင်တာနက် စာမျက်နှာပေါ်တွင်နေ့စဉ် ဝင်ရောက် လေ့လာဖတ်ရှု နားဆင်လိုပါက http://www.malaysiaonlineradiomedia.com/ နှင့် အသေးစိပ် အစီအစဉ်များကို အီးမေး ormm@malaysiaonlineradiomedia.com ဖုန်းနံပတ် ၀၁၀-၂၁၄၈ ၆၇၇ သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင် ပါကြောင်း သိရှိရပါသည်။

Online Radio Media (Malaysia)
ဆက်လက်ဖတ်ရှုရန်..... >>

Wednesday, June 16, 2010

စရိတ်နည်း လေကြောင်းလိုင်း ကွာလာလမ်ပူ - ရန်ကုန် ပြေးဆွဲမည်

စရိတ်နည်း Air Asia လေကြောင်း လိုင်းသည် ကွာလာလမ်ပူ - ရန်ကုန် ခရီးစဉ်ကို လာမည့် ဇူလိုင်လ ၂၀ ရက်နေ့မှ စတင် ပြေးဆွဲရန် စီစဉ်ထားကြောင်း အဆိုပါ လေကြောင်းလိုင်းက ယမန်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

ခရီးစဉ် ပြေးဆွဲမှု အစောပိုင်းတွင် အထူး ဈေးနှုန်း အနေဖြင့် အသွား ခရီးစဉ် လက်မှတ် တစောင်လျှင် မလေးရှားငွေ ၂၉ ရင်းဂစ် (အမေရိကန် ၉ ဒေါ်လာ) ခန့်သာ ကျသင့်မည်ဟု Air Asia ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

လေယာဉ် လက်မှတ်များကို အထူး ဈေးနှုန်းဖြင့် ရောင်းချပေးမည့် ကာလမှာ ယခုလ ၁၄ ရက်မှ ၂၀ ရက်နေ့ အထိ တပတ် ဖြစ်ပြီး လက်မှတ် တစောင်၏ သက်တမ်း ကာလမှာ ယခုနှစ် ဇူလိုင် ၂၀ မှ လာမည့်နှစ် မေလ ၈ ရက်နေ့ အထိ ဖြစ်ကြောင်း၊ ခရီးသည် ၁၈၀ ခန့် တင်ဆောင် နိုင်သည့် Airbus A-320 အမျိုးအစား လေယာဉ်ဖြင့် ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ ယခုအခါ မိသားစုများထံ မကြာခဏ အလည်အပတ် သွားနိုင် တော့မည်ဟု Air Asia ၏ ဒေသတွင်း စီးပွားရေးဌာန အကြီးအကဲ Kathleen Tan က ပြောသည်။

“ကမ္ဘာလှည့် ခရီးသွားတွေကလည်း အခုဆိုရင် သူတို့လိုချင်တဲ့ အာရှ အတွေ့အကြုံ စာရင်းထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်ထားလို့ ရပါပြီ။ Air Asia ရဲ့ ဒီလိုမျိုး ဈေးကွက်ထိုးဖောက်မှုဟာ မြို့တော် ကွာလာလမ်ပူနဲ့ အရင်ကထက် ပိုမို ဆက်သွယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲခြင်းဖြင့် Air Asia သည် အာဆီယံ ၁၀ နိုင်ငံအတွင်း ပျံသန်း ပြေးဆွဲမှုကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော စရိတ်နည်း လေကြောင်းလိုင်း လုပ်ငန်း ကြီးသည် ယမန်နှစ်က အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၁၆၆ သန်းအထိ ရှိခဲ့သည်။
ဧရာဝတီ မှ ကူးယူဖော်ပြသည်။
ဆက်လက်ဖတ်ရှုရန်..... >>